....................
ရည်ရွယ်ချက်တူ
ပန်းတိုင်တူကေ
မဟူရာရောင်
ညဥ့်အမှောင်လေ့
ထွန်းပြောင်လှပ
ငွီလပပိုင်
အီးမြကြိုင်လင်
စိတ်ဘဝင်မာ
ပျော်ရွှင်အတိ
ကြည်နူးလိမေ။
ရည်မှန်းချက်တူ
လမ်းစဉ်တူကေ
မခြူငပိ
ဆားမဟိလို့
စားသည့်ထမင်း
ရသကင်းလေ့
ရိုးတွင်းခြင်ဆီ
အားဖြစ်စီခ
အာသီသတိ
ပြည့်ဝလိမေ။
မျှော်မှန်းချက်တူ
ကျင့်စဉ်တူကေ
နီပူကန္တာ
ဆူးစူးပါလေ့
ပမာပန်းခင်း
ဥယျာဉ်တွင်းမာ
လီညှင်းလာရောက်
ဇင်းခါလျှောက်သို့
ကြောက်ရာမဟိ
လားရဲလိမေ
ဆန္ဒတိရာလိုအပ်တေ။ ။
ခိုင်မင်းဇံ(ရခိုင်ပြည်)
No comments:
Post a Comment